Monday, December 15, 2014

မြန်မာနိုင်ငံက လွှတ်တင်မည့် ဂြိုဟ်တုကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၃၀၀ ခန့်မှန်း | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ

မြန်မာနိုင်ငံ တွင် အလတ်တန်းစား ကိုယ်ပိုင်ဂြိုဟ်တုတစ်လုံး လွှတ်တင်နိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ကုန်ကျနိုင်ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီးဦးသောင်းတင်က နေပြည်တော်၌ ကျင်းပခဲ့သည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။

‘‘ဂြိုဟ်တုတစ်လုံးလွှတ်တင်ဖို့ ကုန်ကျစရိတ်က သူက ဆိုက်ပေါ်မူတည်တယ်။ အကြမ်းအားဖြင့် ဂြိုဟ်တုအငယ်၊ အလတ်၊ အကြီးအပေါ် မူတည်တယ်။ ဒေါ်လာ သန်း ၂၅၀၊ ၃၀၀ လောက် ကုန်ကျမယ့် အလတ်စားဆိုက်လောက်ကို လွှတ်တင်နိုင်ဖို့ မှန်းထားပါတယ်’’ဟု ဒုဝန်ကြီးဦးသောင်းတင်က ပြောကြားသည်။
 မြန်မာနိုင်ငံ၌ ကိုယ်ပိုင်ဂြိုဟ်တုတစ်လုံး လွှတ်တင်နိုင်ရန်နှင့် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက်တွင် အမေရိကန်၊ ပြင်သစ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ပြီး ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘အာကာသထဲမှာ ဂြိုဟ်တုတွေသိပ်မရှိခင်တုန်းကဆိုရင်တော့ ညှိနှိုင်းစရာသိပ်မလိုဘူး။ ကျွန်တော်တို့က အခုမှစဉ်းစားပြီးလုပ်ရမှာ ဖြစ်တဲ့အတွက် ကိုယ့်အတွက်နေရာတော့ ရှိနေသေးပေမယ့် ညှိနှိုင်းစရာတွေ အများကြီးရှိတော့ တစ်နှစ်လောက်ကြာသွားနိုင်တယ်’’ဟု ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်နိုင်ရေးကို ၂၀၀၈ ကတည်းက လေ့လာမှုများပြုလုပ်ခဲ့ပြီး နိုင်ငံ၏ အသုံးပြုမည့်လိုအပ်ချက်အပေါ် မူတည်၍ ဂြိုဟ်တုကို ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သောကြောင့် ငါးနှစ်ခန့် အချိန်ယူ တည်ဆောက်ရမည်ဖြစ်ကြောင်း ဒုဝန်ကြီးဦးသောင်းတင်ကပြောသည်။

No comments:

Post a Comment