Friday, December 18, 2015

How to Creat A New Clash of Clans Account Without Restoring (iOS Jailbroken Only)

*****************************************************
အားလုံးပဲ မင်္ဂလာပါခင်ဗျ…
iOS ကိုင်ဆောင်ပီး Clash of Clans ဆော့ကစားတဲ့ဘော်ဒါတွေအနေနဲ့ COC အကောင့်အဟောင်းကို Remove လုပ်ပီး အသစ်ဆော့ချင်လို့တဲ့သူ/ အကောင့်ကို ပြန်ရောင်းရန် Remove လုပ်ချင်တဲ့သူတွေရှိလာပါတယ်။
ထိုအခက်အခဲ၏ အလွယ်အကူဆုံး အဖြေမှာ iDevice ကို Restore လုပ်ပီး ဖြေရှင်းနည်းပဲဖြစ်ပါတယ်။
သို့သော် Jailbreak ပျက်မည်ဖြစ်သောကြောင့် Restore မလုပ်ချင်ကြပါ။
Seme-Restore ဖြင့် Jailbreak မပျက်အောင် Restore လုပ်နိုင်သော်လည်း Original Jail လောက် အဆင်မပြေသဖြင့် မလုပ်ချင်တဲ့ ဘော်ဒါတွေအတွက် နည်းလမ်းကောင်းလေးတခု မျှဝေလိုက်ပါတယ်ခင်ဗျ။
လိုအပ်ချက်ကတော့ မိမိတို့ iDevices က Jailbroken ဖြစ်နေရပါမယ်ခင်ဗျ။
ပီးရင် Cydia မှ iFile ကို Install လုပ်ပါခင်ဗျ။
iFile ကို အောက်က source မှာ ရယူနိုင်ပါတယ်ခင်ဗျ။
Source: (http://repo.biteyourapple.net/) ပါ။


----------
Setting > Games Center > မိမိ တို့ ၏ Games Center အကောင့်ကို Sign Out လုပ်ပါ။

ပီးရင် iFile ထဲဝင်ပါ။
iFile>Var>Keychains>Keychain-2.db ကိုဝင်လိုက်ပါ။
ပုံကအတိုင်း SQLite3 Editor ကို ၀င်ပေးပါ။
---

ပုံအတိုင်း SQL ကိုထပ်ဝင်ပေးပါ။

အောက်ကပေးထားသော code ကို copy ကူးယူပါ။
delete from genp where agrp like '%supercell.magic%'
Copy လုပ်ပီးရင် SQL Search Box တွင် Paste လုပ်ပါ။

ပီးရင် Search ကို နှိပ်ပါ။

ပီးရင် iDevice ကို Reboot လုပ်လိုက်ပါခင်ဗျ။

Reboot လုပ်ပီး ပြန်တက်လာပါက Clash of Clans APP ထဲ ၀င်ကြည့်လိုက်ပါ အသစ် ဖြစ်နေပါလိမ့်မယ်.
အကောင့်အသစ်ဖြင့် ဆော့ချင်သူတွေအတွက် Game Center တွင် Apple ID အကောင့်သစ် ၀င်ပေးပီး ဆော့နိုင်ပါပီခင်ဗျ။
အဆင်ပြေကြပါစေ…..


Credit: (မူရင်း)gCloud
ရွှင်လန်းချမ်းမြေ့ကြပါစေ...😊😊
တပ်ကုန်းသား(IT Knowledge Sharer)

No comments:

Post a Comment