Tuesday, September 13, 2016

Xiaomi Mi ဟု လူအများ သိထားသော Xiaom Brand အတွက် ဗဟုသုတများ -

အောက်ဖော်ပြပါ ဗဟုသုတဆိုင်ရာ အချက်အလက်များကို
ဖေ့ဘွတ်ပေ့ခ်ျပေါ်မှ ကူးယူဖော်ပြပါသည်။ မူရင်းရေးသားသူဆရာများကိုလည်း အလေးအနက် credit ပေးပါသည်။


အပိုင်း ( ၁ )
- Xiaomi Mobile Devices များမှာ Rom များကို ခွဲခြားထားပါသည်
အဓိက မှာ Region နှစ်မျိုးသာရှိပါသည် ။ China နှင့် Global နှစ်မျိုး
ဆိုပြီး ထွက်ပါတယ် အဲ့ဒါကိုမှ Developer Rom နဲ့  Stable Rom ဆိုပြီး
ထပ်မံထွက်ရှိပါတယ် ။
Developer Rom ဆိုတာကတော့ Xiaomi
Developement Teams ကနေထုတ်လုပ်ပေးထားတဲ့ အသစ်အသစ်သော
Features များကို သူများထက်အရင်ဆုံး ရယူလိုသူများအတွက်
ထုတ်လုပ်ပေးထားတာပါ Stable Rom ဆိုတာကတော့ Developer Rom
မှာ အခြေအနေတည်ငြိမ်သွားပြီဆိုမှ Stable Rom သမားများက
Error မရှိပဲ အသုံးပြုနိုင်ကြတာပါ ။ ဒါအပြင့် အာ့လို Stable Rom နဲ့ 
Developer Rom ကို ထပ်မံပြီး Fastboot Rom နဲ့  Recovery Rom
ဆိုပြီး ထပ်မံခွဲထွက်လိုက်ပါတယ် ။ Fastboot Rom ဆိုတာကတော့
မိမိတို့ ဖုန်းကို အရေးပေါ်အခြေအနေ Brick ဖြစ်သွားတဲ့အခြေအနေမျိုးမှာ
အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ် ။
Fastboot Rom ကိုအသုံးပြုမယ်ဆိုရင်တော့ ကွန်ပြူတာရှိရန်လိုအပ်ပြီး
မိမိတို့ ကွန်ပြူတာထဲတွင် Mi Flashtool , MTK Devices များအတွက်ကတော့
Sp Flashtool များရှိရန်လိုအပ်ပါတယ် ။
Recovery Rom ကတော့ မိမိတို့ ဖုန်းပေါ်မှာတင် အသုံးပြုနိုင်သလို
Computer မှာ MI Software နဲ့ လည်း အသုံးပြုနိုင်ပါတယ်
ဒါကြောင့် Xiaomi Mobile Devices များအတွက် Rom များကို
ခွဲခြားမယ်ဆို ဒီလိုထွက်ရှိလာတာပဲဖြစ်ပါတယ် ။
- China Stable Fastboot Rom
- China Stable Recovery Rom
- China Developer Fastboot Rom
- China Developer Recovery Rom
- Global Stable Fastboot Rom
- Global Stable Recovery Rom
- Global Developer Fastboot Rom
- Global Developer Recovery Rom
အစရှိတာတွေပဲဖြစ်ပါတယ် ။

Xiaomi ဗဟုသုတ အပိုင်း - ၂
Mi Cloud များအကြောင်း Xiaomi Devices များတွင်
Mi Account ကျတယ် Mi Cloud ကျတယ်သာပြောနေတာ
တကယ်တမ်း Mi Cloud ကို ဘာမှန်းမသိသေးတဲ့သူတွေအများကြီးပါ
Mi Cloud ဆိုသည်မှာ Online Storage အကောင့်တဖြစ်ပြီး
မိမိတို့ ဖုန်းအတွင်းရှိ ဓါတ်ပုံများ သီချင်းများ ဗွီဒီယိုများ
ဖုန်းနံပါတ်များ အစရှိတာတွေကို သိမ်းဆည်းနိုင်သလို
ပြန်လည်ထုတ်ယူရာတွင်လည်းအသုံးပြုနိုင်ပါတယ်
ဒါ့အပြင် Mi Cloud မှတဆင့် မိမိတို့ ဖုန်းပျောက်ဆုံးသွားပါက
ချက်ခြင်း Lock လှမ်းချလို့ ရတဲ့အပြင်
အချက်ပေးစာများ သတိပေး Alarms များလည်း ပေးပို့ နိုင်ပါတယ်
Mi Cloud Link >>> http://i.mi.com/
Security ကတော့ အမြင့်ကြီးထဲမပါသေးပေမယ်လို့ 
မိမိတို့ သူတပါးဆီက ၀ယ်ယူထားတဲ့ဖုန်းများမှာ
Mi Account ရှိမရှိ မစစ်ဆေးပဲဝယ်ယူမိပါက ပိုင်ရှင်မှ Lock လှမ်းချလို့ ရသည်ကို
သတိထားစေလိုပါတယ် ။
Mi Account ကိုလည်း
မိမိတို့ ဖုန်းနံပါတ်ဖြင့်ဖွင့်သည်ဖြစ်စေ
Mail ဖြင့်ဖွင့်ခဲ့သည်ဖြစ်စေ
မှတ်သားထားသည့် အကျင့်ကိုမမေ့ပါနဲ့ 
အကယ်လို့ များ မိမိတို့ ဖုန်းဟာ မှားယွင်းပြီး
Font သွင်းမိတာတွေ Firmware Flashing
ပြုလုပ်မိတာတွေ အစရှိတာတွေပြုလုပ်ခဲ့မယ်ဆိုရင်
ဖုန်းအတွင်းတွင် Mi Account ရှိခဲ့ပါက
Mi Cloud Lock Mi Account Lock ကျမည်ဖြစ်ပါသည် ။
ဆက်လက်ပြီးဖော်ပြပေးပါအုန်းမည် ။

No comments:

Post a Comment