Service သမားအများစု သတိမမူမိသည့်အကြောင်းအရာများ (၁) (By Ko Sai Khaing Tint)
Service သမားအများစု သတိမမူမိသည့်အကြောင်းအရာများ (၁)
Mobile Service ပြုလုပ်တဲ့အချိန် တစ်ချို့အရာလေးတွေသတိမမူမိရင် ခနလေးပြီးရမယ့်အလုပ်တစ်ခုကို အချိန်ကြာကြာပေးနေရတတ်ပါတယ်။
အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ Charging ခေါင်းလဲတဲ့ ကိစ္စလေးပါ။
Charging ခေါင်းလဲတဲ့အချိန်မှာ အမျိုးအစားတူတာ ရှာမတွေ့ရင် ခြေထောက်ငုတ်အရေအတွက်ကိုကြည့်ပြီး ခြေထောက်ငုတ်အရေအတွက်တူရင် အဆင်ပြေသလိုကြံဖန်ပြီး လဲလှယ်ပေးကြပါတယ်။
ပုံမှန်အားဖြင့် Charging ခေါင်းတွေရဲ့တစ်ဖက်ဟာ အကွေးပါ။ Circuit
Board ပေါ်မှာကပ်ထားတဲ့ Charging ခေါင်းတွေဟာ အရင် model
တွေတုန်းကဆိုရင် ကွေးနေတဲ့ဘက်က Circuit Board ဘက်အခြမ်းမှာသာ
ရှိလေ့ ရှိပါတယ်။ Charging ခေါင်းအကွေးဟာ Circuit Board
ဘက်ခြမ်းမှာရှိနေရင် Charging ခြေထောက်ငုတ်မှာဆိုရင် ဘယ်ဘက်ထောင့်ဆုံးငုတ်ဟာ GND ပါ။
အကယ်၍ Charging ခေါင်းအကွေးဟာ Circuit Board ဘက်အခြမ်းမဟုတ်ဘူးဆိုရင် Charging ခြေထောက်ငုတ်မှာ ညာဘက်ထောင့်ဆုံးငုတ်ဟာ GND ပါ။
အဲတော့ အပေါ်ကအချက်တွေသတိမထားမိပဲ ခြေထောက်ငုတ်အရေအတွက်တူနေရုံနဲ့တပ်လိုက်မယ်ဆိုရင် Charging ကြိုးထိုးလိုက်ရင် အပေါင်းဗို့မထွက်လာပဲ အနုတ်ဗို့သာထွက်ရှိလာမှာဖြစ်ပါတယ်။
အဲတော့ Charging ခေါင်းအနေအထားပေါ်မူတည်ပြီး သက်ဆိုင်ရာ Charging ခေါင်းများကို မှန်ကန်စွာရွေးချယ်ပြီး လဲလှယ်နိုင်ကြပါစေခင်ဗျာ။
ဆရာ စိုင်းခိုင်တင့် ဖေ့ဘွတ်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment