1။ချာဂျင်အိုင်စီရဲ့ ပင်နံပါတ် A1,A2 ကိုဝင်တဲ့လမ်းကြောင်းက
C920 နဲ့ ပါဝါအိုင်စီရဲ့ ပင်နံပါတ် P16,R15 ကို ဝင်တဲ့ R201
မှာ ၅ဗို့ရှိ မရှိ အရင်တိုင်း။
2။နောက်တိုင်းရမှာက C921 နဲ့ C924 မှာ၅ဗို့ ပြန်ထွက်နေရမယ်။
မထွက်ရင် ချာဂျင်အိုင်စီကိုသာလဲတော့။
3။ထွက်ပြီဆိုရင် C922 ရဲ့တဖက်က ၈ဗို့ကနေ ၄.၄ဗို့အတွင်းရှိ
နေရမယ်။နောက်တဖက်မှာ ၃.၅ဗို့ရှိနေရမယ်။မရှိရင် C922
ကိုအရင်လဲကြည့်။မရရင် ချာဂျင်အိုင်စီကို အပူပေးတာတို့
လှုပ်တာတို့လုပ်ကြည့်။မရရင် အိုင်စီခဲပြန်လောင်း။တပ်။
မရရင်အိုင်စီ အသစ်လဲတော့။
4။ရပြီဆီုရင် R921 ကိုဖြုတ်ပြီးအားပြန်သွင်းကြည့်။R921
နဲ့ L901 ခေါင်းခြင်းဆိုင်နေတဲ့နေရာမှာ ၁.၂ဗို့တွေ့ပြီဆို
ရင် ချာဂျင်ထွက်ပြီလို့မှတ်။
5။ R921 ကိုပြန်မတပ်နဲ့အုန်း။FET ကိုခနဖြုတ်ထား။ချာဂျင်
ပြန်သွင်းကြည့်။G730_C00မှာဆိုရင်C238, C239, C249 နဲ့ FET Pin No 3
မှာ ၃.၅ဗို့ ရှိ မရှိ စစ်။C8813မှာဆိုရင် FET Pin 1နဲ့ 2 မှာ ၃.၅ဗိုအသီးသီးရှိနေရမှာနော်။အဲ့ဗို့တွေမဟုတ်ပဲလွဲနေရင်စက်နိုးနေတာနဲ့မဆိုင်ဖူး။
ချာဂျင်သွင်းမှာ မဟုတ်ဖူး။ပါဝါအိုင်စီလဲပေတော့။
မဟုတ်ရင်ချာဂျင်ပိုင်းကောင်းပေမယ့် ချာဂျင်မဝင်တာ
တို့ ချာဂျင်ကြိုးထိုးတာနဲ့ စက်တန်းနိုးတာတို့ ဘတ္ထရီ
ဗိုက်ဖောင်းတာတို့ဖြစ်တာပေါ့။
6။တွေ့ပြီဆိုရင် R921 ရယ် FET ရယ် ပြန်တပ်။ချာဂျင်သွင်း
ဘတ္ထရီ အပေါင်းငုတ်မှာ ၀.၆ဗို့တွေ့ရင် ချာဂျင်ပိုင်းအောင်မြင်ပါပြီ။
ဆက်ပါအုန်းမည်။
အားလုံးအောင်မြင်ကြပါစေ။
ဦးမောင်နိုင်

No comments:
Post a Comment