MTK Device တွေကို Box သုံးစရာမလိုပဲ Deadboot ပြန်လည်နှိုးနိုင်မဲ့
နည်းလမ်းလေးဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကို software service လုပ်နေသူများ
သိထားသင့်တယ်လို့ ထင်ပါတယ်။ သိရှိလိုရင်တော့ ဆက်လက်လေ့လာရအောင်
MTK Device တော်တော်များများမှာ အဖြစ်များလေ့ရှိတဲ့
Display Error/ Deadboot Error/ Vibrate Error
များကို Box မသုံးပဲ ပြန်နိုးနည်း
Deadboot ပြန်နိုးနိုင်ဖို့အတွက် အရင်ဆုံး သိထားရမှာက CPU id ကြည့်တက်ရမယ်
CPU id ကြည့်တက်ရင် ဘာတွေလုပ်တက်မှာလဲ
=================================
CPU id ကြည့်တက်သွားရင် MTK ဖုန်းတွေ Deadboot Error/ Display Error/
Vibrate ဖြစ်မှာ မပူရတော့ဘူး ဒီနည်းမသိသေးရင်တော့ ငါဒီFirmware
နဲ့အဆင်ပြေပါ့မလား Deadboot သွားရင် Display Error ဖြစ်ရင် ဒုက္ခပဲ ဆိုပြီး
တွေးပူနေစရာမလိုတော့ဘူး အရမ်းကိုအဆင်ပြေမှာပါ တစ်ခါတစ်လေကြရင် ကျွန်တော်
တင်ပေးလိုက်တာကတော့ 100% Test ဆိုပြီး သူများစမ်းတော့အဆင်မပြေဘူး ဆိုပြီး
ကျွန်တော်ကို ပြောတဲ့အခါတွေ ကြုံရတယ် အဲဒါ Cpu id မကိုက်လို့ပါ Software
Service သမားတိုင်းဒီနည်းလမ်းလေးတော့ အနည်းဆုံးသိထားရင်ပိုအဆင်ပြေပါတယ်ဗျ
Cpu id ကြည့်နည်း
=============
Cpu id ကြည့်ဖို့အတွက် Miracle Box ဒါမှမဟုတ် Box Crack တစ်ခုခုနဲ့ကြည့်နိုင်ပါတယ်
Miracle Eagle Eye V2.27A ဆိုရင်ပိုကောင်းပါတယ် Mobile Service
သမားတော်တော်များများဒီSoftware ရှိလောက်ပါတယ် လင့်ချမပေးတော့ဘူး
ကိုယ့်ဘာသာကိုရှာပါ
- Firmware မတင်ခင်မှာ id အရင်စစ်ကြည့်ပါ
- Miracle Eagle Eye မှာ MTK Menu ထဲဝင်ပါ Readinfo ထဲဝင်ပါ
- မိမိ Firmware တင်မည့် ဖုန်းကို power ပိတ်ကြိုးထိုးပါ
- CPU id ပေါ်လာပါလိမ့်မည်
- CPU id ကို notepad ဖြင့်သိမ်းထားပါ
- MTK Menu မှာ Write ကိုရွေးပါ မိမိတင်မည့် Firmware File ကိုခေါ်ပါ Cpu id ပေါ်လာပါလိမ့်မည်
- စောစောကသိပ်ထားတဲ့ notepad ထဲမှာသိမ်းထားတဲ့ Cpu id နဲ့ name တူရင် မည်သည့် Error မှာ မရှိနိုင်ပါဘူး စိတ်ချလက်ချတင်နိုင်ပါတယ်ဗျ
- Cpu id name မတူခဲ့လျင်တော့မတင်ပါနှင့် Deadboot error/ display error/ vibrate error/ နှင့် တစ်ခြား Error တွေဖြစ်နိုင်ပါတယ်ဗျ
Deadboot ဖြစ်ပြီး id name စစ်မရပဲ Error တွေတက်နေတယ် ဆိုရင်တော့ id name
မတူတာရှာတင်ကြည့်ပါ id name ကွဲတာ သိပ်များများမရှိပါဘူး နှစ်ခု
သုံးခုလောက်ပါပဲ။
refer - sithumobile
Credit - Today Mobile
No comments:
Post a Comment